ကိုယ်ရေးလုံခြုံမှု မူဝါဒ

အပ်ဒိတ်။

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုမူဝါဒအား 2019 ခုနှစ် ဧပြီလ 24 နေ့တွင် အပ်ပ်ဒိတ်ပြုလုပ်ခဲ့ပါသည်။ ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို ကျွန်ုပ်တို့ အစအဆုံး ပြန်လည်မွမ်းမံပြင်ဆင်ထားပါသဖြင့် ဤကိုယ်ရေးလုံခြုံမှု မူဝါဒသည် Yeelight ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုအတွက် သင့်ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့မည်သို့ စီမံခန့်ခွဲသည်ဆိုသည့် အချက်အလက်အသေးစိတ်ကို ဖော်ပြပေးနိုင်ပါသည်။

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ အလေ့အထများကို အချိန်ပေးလေ့လာ၍ မေးမြန်းလိုသည်များရှိပါက ကျွန်ုပ်တို့ကို အသိပေးပါ။

သင့်အတွက် ကျွန်ုပ်တို့၏ ကတိကဝတ်

ဤကိုယ်ရေးလုံခြုံမှုမူဝါဒသည် www.yeelight.com တွင်ဖော်ပြထားသည့် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခု၊ ကျွန်ုပ်တို့ကမ်းလှမ်းလျက်ရှိသော Yeelight ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို သင်အသုံးပြုသောအခါတွင် ကျွန်ုပ်တို့ထံ သင်ပေးအပ်လိုက်သည့် အချက်အလက်တိုင်းအား Qingdao Yeelink Information Technology Co., Ltd. နှင့် Qingdao Yeelink Information Technology Co., Ltd. အတွင်းမှ ကုမ္ပဏီခွဲများ ("Yeelight"၊ "ကျွန်ုပ်တို့"၊ "ကျွန်ုပ်တို့၏" သို့မဟုတ် "ကျွန်ုပ်တို့ကို") က မည်သို့ စုဆောင်း၊ အသုံးပြု၊ ဖော်ပြ၊ စီမံ၊ ကာကွယ်နိုင်ပုံကို ရှင်းလင်းဖော်ပြထားပါသည်။ Yeelight ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုသောအခါတွင် သင့်ကို ဖော်ထုတ်ခွဲခြားနိုင်စေမည့် အချက်အလက်အချို့ကို သင်ထုတ်ပေးရန် တောင်းဆိုခဲ့ပါက ယင်းတို့အား ဤကိုယ်ရေးလုံခြုံမှု မူဝါဒနှင့်အညီ သို့မဟုတ် ကျွန်ုပ်တို့၏ အသုံးပြုသူဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သို့မဟုတ် ထိုနှစ်မျိုးစလုံးနှင့်အညီသာ သုံးစွဲသွားပါမည်။

ကိုယ်ရေးလုံခြုံမှု မူဝါဒကို သင့်အတွက် ဦးစားပေး ပုံစံပြုလုပ်ထား၍ ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကောက်ယူခြင်းနှင့် အသုံးပြုခြင်း အလေ့အထများအပြင် Yeelight ထံ ပေးအပ်ထားသော မည်သည့်ကိုယ်ရေးကိုယ်တာ အချက်အလက်ကိုမဆို သင်အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်း အဆုံးစွန်ထိ ယုံကြည်မှုအပြည့်ထားနိုင်ခြင်းတို့ကို သင်အလုံးစုံ နားလည်သဘောပေါက်ရန် အရေးကြီးပါသည်။

ဤကိုယ်ရေးလုံခြုံမှု မူဝါဒတွင် "ကိုယ်ရေးကိုယ်တာအချက်အလက်များ" ဆိုသည်မှာ ထိုအချက်အလက် တစ်ခုတည်းဖြင့် သို့မဟုတ် လူတစ်ဦးတစ်ယောက်အကြောင်း Yeelight က ဝင်ရောက်ကြည့်ရှုနိုင်သည့် အခြားအချက်အလက်များနှင့် ပေါင်းစည်း၍ လူတစ်ဦးကို အတည်ပြုနိုင်သည့် အချက်အလက်များကို ဆိုလိုသည်။ ထိုသို့သော သတင်းအချက်အလက်များတွင် ကျွန်ုပ်တို့ထံ သင်ပေးအပ်ထားသော သို့မဟုတ် အွန်လိုင်းတင်ထားသော သတင်းအချက်အလက်များ၊ စက်ပစ္စည်းမှတစ်ဆင့် ရရှိသည့် အချက်အလက်များကဲ့သို့သော သတင်းအချက်အလက်များ ပါဝင်ဖွယ်ရှိပြီး အခြားသတင်းအချက်အလက်များလည်း ပါဝင်ဖွယ်ရှိပါသည်။

Yeelight ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် ကာလအလိုက် ပြုလုပ်ထားသော အပြောင်းအလဲများအပါအဝင် ဤကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်များကို သင် ဖတ်ရှုပြီး၍ အသိအမှတ်ပြုကာ လက်ခံသည်ဟု မှတ်ယူခြင်းဖြစ်သည်။ နယ်မြေခံ အချက်အလက်ကာကွယ်ရေး ဥပဒေ (ဥပမာအားဖြင့် - ဥရောပသမဂ္ဂအတွင်းရှိ အထွေထွေ အချက်အလက် ကာကွယ်ရေး ဥပဒေ) အပါအဝင် အကျုံးဝင်သော ဥပဒေများနှင့် ညီညွှတ်စေရန် အလို့ငှာ ကိုယ်ရေးအချက်အလက်ဆိုင်ရာ အထူးအမျိုးအစားများ၏ စီမံဆောင်ရွက်မှုတစ်ခုခု (ဥပမာအားဖြင့် - အလိုအလျောက် တစ်ဦးချင်းအလိုက် ဆုံးဖြတ်ချက်ချမှတ်ခြင်း) အတွက် ရှင်းလင်းသော သဘောတူခွင့်ပြုချက်ကို တိတိပပ ကြိုးပမ်းရယူသွားပါမည်။ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များ၏ ကိုယ်ရေးလုံခြုံမှု၊ လျှို့ဝှက်မှုနှင့် လုံခြုံမှုတို့ကို နယ်မြေခံ အချက်အလက်ကာကွယ်ရေး ပြဋ္ဌာန်းချက်များအပါအဝင် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ကာကွယ်ပေးရန် ကျွန်ုပ်တို့ ကတိကဝတ်ပြုပါသည်။ ဤတာဝန်များကို ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် အေးဂျင့်များအားလုံးက ထိန်းသိမ်းကြသည်မှာ သေချာစေရန် ကျွန်ုပ်တို့ ညီတူညီမျှ ကတိကဝတ်ပြုပါသည်။

နောက်ဆုံးတွင် ကျွန်ုပ်တို့ လိုလားသည်မှာ ကျွန်ုပ်တို့ အသုံးပြုသူများအတွက် အကောင်းဆုံးရစေရန် ဖြစ်သည်။ ဤကိုယ်ရေးလုံခြုံမှု မူဝါဒတွင် အကျဉ်းဖော်ပြထားသည့်အတိုင်း အချက်အလက်များအား ကျွန်ုပ်တို့ ကိုင်တွယ်ဆောင်ရွက်ပုံ အလေ့အထနှင့်ပတ်သက်၍ စိုးရိမ်မှုတစ်ခုခုရှိပါက ယင်းစိုးရိမ်မှုကို ဖော်ပြရန် dpo@yeelight.com ရှိ အချက်အလက် ကာကွယ်ရေး အရာရှိထံ ဆက်သွယ်ပေးပါ။ ယင်းတို့ကို ကောင်းမွန်စွာ ကျွန်ုပ်တို့ ဖြေကြားပေးပါမည်။

မည်သည့်အချက်အလက်များကို ကျွန်ုပ်တို့ ကောက်ခံ၍ မည်ကဲ့သို့ အသုံးပြုပါသလဲ။

ကောက်ခံသော အချက်အလက် အမျိုးအစားများ

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင့်ထံ ပေးအပ်နိုင်ရန်အတွက် ယင်းဝန်ဆောင်မှုများ သင့်ထံ ပေးအပ်နိုင်ရန် လိုအပ်သော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထည့်သွင်းပေးရန် သင့်ထံ တောင်းခံပါမည်။ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ထည့်သွင်းပေးခြင်း မရှိပါက ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို သင့်ထံ ပေးအပ်နိုင်မည်မဟုတ်ပါ။

ကျွန်ုပ်တို့အနေဖြင့် ယင်း၏ တိတိပပ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည့် တရားဝင်ရည်ရွယ်ချက်အတွက် လိုအပ်သော သတင်းအချက်အလက်များကိုသာ စုဆောင်းသွားပါမည်။ ဤရည်ရွယ်ချက်များဖြင့် ကိုက်ညီခြင်းမရှိသော ဆောင်ရွက်မှုတစ်ခုခုကို တိုးချဲ့ဆောင်ရွက်သွားမည် မဟုတ်ပါ။ အောက်ပါ အချက်အလက်အမျိုးအစားများကို ကျွန်ုပ်တို့ ကောက်ခံနိုင်ပါသည် (ကိုယ်ရေးကိုယ်တာအချက်အလက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်) -

ကိုယ်ရေးကိုယ်တာ အချက်အလက်များအား အသုံးပြုပုံနည်းလမ်း

ဝန်ဆောင်မှုများ နှင့်/သို့မဟုတ် ထုတ်ကုန်များအား သင့်ထံပေးအပ်နိုင်ရန် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကောက်ခံခြင်းဖြစ်၍ သက်ဆိုင်ရာဥပဒေများအောက်တွင် ဥပဒေအတိုင်း ဆောင်ရွက်ပါသည်။ ဤကိုယ်ရေးလုံခြုံမှု မူဝါဒတွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့၏ လုပ်ငန်းမိတ်ဖက် ကုမ္ပဏီများ၊ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ထောက်ပံ့ပေးသူများ (အောက်တွင် ဖွင့်ဆိုထားသည်) တို့ထံ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့ ဆောင်ရွက်ပေးနိုင်ရန်နှင့် ထုတ်ဖော်ပေးနိုင်ရန် ဤနေရာတွင် သင်ခွင့်ပြုချက်ပေးခြင်းဖြစ်သည်။

အောက်ပါရည်ရွယ်ချက်များအတွက် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ကျွန်ုပ်တို့ အသုံးပြုနိုင်ပါသည် -

တိုက်ရိုက် အရောင်းမြှင့်တင်ခြင်း

Yeelight ကုမ္ပဏီများနှင့် ကွန်ရက်၊ မိုဘိုင်း အပလီကေးရှင်းနှင့် ကလောက် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ပေးအပ်သော ကျွန်ုပ်တို့၏ လုပ်ငန်းပါတနာများ၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများနှင့် သက်ဆိုင်သည့် အရောင်းမြှင့်တင်ရေး ပစ္စည်းများကို သင့်ထံပေးအပ်နိုင်ရန်အတွက် သင်၏ အီးမေးလ်လိပ်စာ၊ Mi အကောင့် အိုင်ဒီတို့ကို အသုံးပြုနိုင်ပါသည်။ သင်၏ ခွင့်ပြုချက် သို့မဟုတ် ရှင်းလင်းသည့် သီးခြားခွင့်ပြုချက် လိုအပ်နိုင်သော နယ်မြေခံ အချက်အလက်ကာကွယ်ရေး ဥပဒေများနှင့်အညီ ကန့်ကွက်ခြင်းမရှိကြောင်း ဖော်ပြချက်ကို သင့်ထံမှ ရရှိပြီးမှသာ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုပါမည်။ တိုက်ရိုက် အရောင်းမြှင့်တင်ခြင်းအတွက် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များအား အသုံးပြုရန် ကျွန်ုပ်တို့ အဆိုပြုထားသည့်ပုံစံမှ အချိန်မရွေး သင် နှုတ်ထွက်ထားနိုင်ပါသည်။ အီးမေးလ်ဆက်သွယ်သည့် ပုံစံအချို့ကို အလိုမရှိသောအခါတွင် အီးမေးလ်တစ်စောင်ချင်းစီ၏ အောက်ခြေတွင်တည်ရှိသည့် အဖွဲ့ဝင်ထားခြင်းမှ နှုတ်ထွက်ရန်လင့်ခ်သို့ သွားခြင်း သို့မဟုတ် privacy@yeelight.comမှတစ်ဆင့် ကျွန်ုပ်တို့ထံ အီးမေးလ်ပေးပို့ခြင်းတို့အားဖြင့် ငြင်းပယ်နိုင်ပါသည်။ တိုက်ရိုက် အရောင်းမြှင့်တင်ခြင်းတွင် ကျွန်ုပ်တို့၏ လုပ်ငန်းမိတ်ဖက်များမှ အသုံးပြုရန် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား ကျွန်ုပ်တို့၏ လုပ်ငန်းမိတ်ဖက်များထံ လွှဲပြောင်းပေးမည် မဟုတ်ပါ။

ကွတ်ကီများနှင့် အခြားနည်းပညာများ (WWW.YEELIGHT.COM ကို အသုံးပြုသောအခါတွင်သာ)

သင်၏ အချက်အလက်များကို မည်သူ့ထံ ကျွန်ုပ်တို့ မျှဝေပေးပါသလဲ။

မည်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုမဆို ပြင်ပအဖွဲ့အစည်းများထံ ကျွန်ုပ်တို့ ရောင်းချခြင်းမပြုပါ။

တောင်းခံထားသော ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်အတွက် ပြင်ပအဖွဲ့အစည်းများထံ (အောက်တွင်ဖော်ပြထားသည့်အတိုင်း) အချို့အခြေအနေများတွင် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ကျွန်ုပ်တို့ ထုတ်ဖော်ပြောဆိုနိုင်ပါသည်။

ထုတ်ဖော်ပြောဆိုခြင်းကို အောက်တွင် ပါရှိသည့်အပိုင်းတွင် ဖော်ပြထားသည့်စားရင်းအတွင်းရှိ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ပံ့ပိုးပေးသူများနှင့် လုပ်ငန်းခွဲများထံ ပြုလုပ်နိုင်ပါသည်။ ဤအပိုင်းတွင် ဖော်ပြခြင်းခံရသည့် ဖြစ်ရပ်တစ်ခုခြင်းစီအရ သင်ယုံကြည်လက်ခံလာမည့် အချက်မှာ Yeelight အနေဖြင့် သင့်ကိုယ်ရေးအချက်အလက်များအား သင့်သဘောတူခွင့်ပြုချက်နှင့်အညီသာ မျှဝေသွားမည်ဆိုခြင်းပင် ဖြစ်ပါသည်။ Yeelight သို့ပေးအပ်သော သင်၏ သဘောတူခွင့်ပြုချက်သည် သင့်သဘောတူညီချက်ကို စီမံဆောင်ရွက်ရွက်မည့် တစ်ဆင့်ခံ စီမံဆောင်ရွက်သူကို ခွင့်ပြုပေးပေလိမ့်မည်။ ဤအပိုင်းတွင် ဖော်ပြထားသော မည်သည့်အခြေအနေကြောင့်မဆို ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုထောက်ပံ့ပေးသူများထံ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို Yeelight က မျှဝေသည့်အခါ သက်ဆိုင်ရာ နယ်မြေခံ အချက်အလက်ကာကွယ်ရေး ဥပဒေများနှင့်အညီ ဆောင်ရွက်ရန်နှင့် တာဝန်ယူရန်ရမည်ဖြစ်ကြောင်း ပြင်ပအဖွဲ့အစည်းများထံ စာချုပ်စာတမ်းဖြင့် Yeelight က သတ်မှတ်ပေးပါမည်။ သင့်ဒေသ၏ တရားစီရင်မှုတွင် လိုက်နာရမည့် ကိုယ်ရေးလုံခြုံမှု စံနှုန်းများအား ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ထောက်ပံ့ပေးသူများက လိုက်နာသည်မှာ သေချာစေရန် Yeelight စာချုပ်စာတမ်းများဖြင့် ပြုလုပ်ပါမည်။

ကျွန်ုပ်တို့ အဖွဲ့နှင့် ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ထောက်ပံ့ပေးသူများနှင့် မျှဝေခြင်း

ကျွန်ုပ်တို့ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ လုပ်ဆောင်နိုင်စွမ်း အပြည့်အဝကို သင့်ထံပေးအပ်ရာတွင် လုပ်ငန်းလည်ပတ်မှုများ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် အခြားသော Yeelight လုပ်ငန်းခွဲ ကုမ္ပဏီများ သို့မဟုတ် ကျွန်ုပ်တို့၏ စာပို့လုပ်ငန်းများ၊ ပို့ပေးခြင်း ဝန်ဆောင်မှု ထောက်ပံ့ပေးသူများ၊ ဆက်သွယ်ရေးကုမ္ပဏီများ၊ အချက်အလက်စင်တာများ၊ အချက်အလက် သိုလှောင်မှု အဆောက်အဦးများ၊ ဖောက်သည်ပံ့ပိုးမှု ထောက်ပံ့ပေးသူများ၊ ကြော်ငြာခြင်းနှင့် အရောင်းမြှင့်တင်ခြင်း ဝန်ဆောင်မှု ထောက်ပံ့ပေးသူများဖြစ်ကြသော ကျွန်ုပ်တို့၏ ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ထောက်ပံ့ပေးသူများနှင့် Yeelight ၏ ကိုယ်စားလှယ်များထံ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အချိန်နှင့်အမျှ ကျွန်ုပ်တို့ ထုတ်ဖော်ပြောဆိုနိုင်ပါသည်။ ထိုပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူများက Yeelight ၏ ကိုယ်စား သို့မဟုတ် အထက်ဖော်ပြပါ တစ်ခု သို့မဟုတ် ယင်းထက်ပိုသော ရည်ရွယ်ချက်များအတွက် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးပြုနိုင်ပါလိမ့်မည်။ ဤသတင်းအချက်အလက်ကို ကျွန်ုပ်တို့မျှဝေခြင်းအား သင်မပြုလုပ်စေလိုသောအချိန်တွင် privacy@Yeelight.com မှတစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။

ကျွန်ုပ်တို့ အဖွဲ့၏ ဂေဟစနစ် ကုမ္ပဏီများနှင့် မျှဝေခြင်း

Xiaomi သည် အလွန်ထက်မြတ်သော ကုမ္ပဏီအဖွဲ့တစ်ခုနှင့် အတူလက်တွဲ၍ Mi ဂေဟစနစ် ဟုခေါ်သော အဖွဲ့ကို ဖြစ်ပေါ်စေ၍ လုပ်ကိုင်လျှက်ရှိပါသည်။ Mi ဂေဟစနစ် ကုမ္ပဏီများသည် လွတ်လပ်သော အဖွဲ့အစည်းများဖြစ်၍ Xiaomi က ရင်းနှီးမြုပ်နှံ၍ တည်ထောင်ထားခြင်းဖြစ်ကာ ၎င်းတို့၏ အပိုင်းကဏ္ဍများတွင် ကျွမ်းကျင်သူများဖြစ်သည်။ Mi ဂေဟစနစ် ထံမှ စိတ်လှုပ်ရှားဖွယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ (ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲ နှစ်ခုလုံး) သင့်ထံ ပေးအပ်နိုင်ရန်နှင့် ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ရန် Xiaomi သို့မဟုတ် အခြား Mi ဂေဟစနစ် ကုမ္ပဏီများထံ သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို Yeelight က ထုတ်ဖော်ပေးအပ်နိုင်ပါသည်။ ဤထုတ်ကုန်များနှင့် ဝန်ဆောင်မှုအချို့သည် Xiaomi / Mijia / Mitu ကုန်အအမှတ်တံဆိပ်များ လက်အောက်တွင် ရှိနေစဉ်တွင် အခြားသော ထုတ်ကုန်သူများသည် ကျွန်ုပ်တို့၏ ကိုယ်ပိုင်အမှတ်တံဆိပ်များကို အသုံးပြုဖွယ်ရှိပါသည်။ Yeelight အနေဖြင့် သင့်ကိုယ်ရေးအချက်အလက်များကို စာဝှက်ပြုလုပ်ခြင်းအပါအဝင် အချက်အလက်များ မျှဝေသော လုပ်ငန်းစဉ်အတွင် ကိုယ်ရေးအချက်အလက်များ လုံခြုံရေးမှုရှိစေမည့် အဖွဲ့အစည်းပိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို ကျနမှန်ကန်စွာ ဆောင်ရွက်သွားပေလိမ့်မည်။ အကယ်၍ Yeelight သည် ကျွန်ုပ်တို့ပိုင်ဆိုင်မှု၏ အပြည့် သို့မဟုတ် တစ်စိတ်တစ်ပိုင်းအဖြစ် ပေါင်းစည်းမှု၊ ရယူမှု သို့မဟုတ် ပိုင်ဆိုင်မှု ရောင်းချခြင်းတွင် ပါဝင်သည်ဆိုလျှင် ပိုင်ဆိုင်မှု အပြောင်းအလဲ၊ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်အသုံးပြုမှုနှင့် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်နှင့် ပတ်သက်၍ သင်ပြုလုပ်နိုင်သော ရွေးချယ်နိုင်မှုများ စသည်တို့ကို အီးမေးလ်မှတဆင့် နှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်တွင် ထင်ရှားသော အသိပေးမှု စသည်တို့မှတဆင့် သင့်အား အသိပေးပါမည်။ ကိုယ်ရေးအချက်အလက်အား စုဆောင်းချိန်တွင် အဆိုပါ ကိုယ်ရေးအချက်အလက်အား ကိုယ်ရေးလုံခြုံမှု မူဝါဒနှင့် အညီဖြစ်သော ပုံစံဖြင့် အသုံးပြုရန်အတွက် လွှဲပြောင်းသူအား ညွှန်ကြားရန် Yeelight မှ ကြိုးစားအားထုတ်ပါမည်။

အခြားအဖွဲ့အစည်းများနှင့် မျှဝေခြင်း

Yeelight အနေဖြင့် အကျုံးဝင်သော ဥပဒေများအရ လိုအပ်လာသောအခါတွင် သင့်ကိုယ်ရေးအချက်အလက်များအား သင်၏ သဘောတူခွင့်ပြုချက်ကို ထပ်မံရယူခြင်းမပြုဘဲ ဖော်ပြသွားဖွယ်ရှိပါသည်။

ခွင့်ပြုချက်မလိုအပ်သော အချက်အလက်များ

ဥပမာ - ကျွန်ုပ်တို့ ဝဘ်ဆိုက်ရှိ ကြော်ငြာထည့်သွင်းသူများကဲ့သို့ ပြင်ပအဖွဲ့အစည်းများထံ လုပ်ငန်းရည်ရွယ်ချက်များအတွက် အမည်ဖော်ပြမထားသော အချက်အလက်များနှင့် စာရင်းအင်းများကို ပေါင်းစုထားသည့်ပုံစံဖြင့် ကျွန်ုပ်တို့ မျှဝေနိုင်ပါသည်။ အချို့သော ထုတ်ကုန်များကို ဝယ်ယူသည့် သို့မဟုတ် အချို့သော ငွေလွှဲပြောင်းခြင်းများကို ပြုလုပ်သည့် အသုံးပြုသူများ ရှိသည့် အချို့သော မြေမျက်နှာသွင်ပြင်အုပ်စုအတွင်းရှိ ဖောက်သည်အရေအတွက်ကဲ့သို့ ကျွန်ုပ်တို့ ဝန်ဆောင်မှုများကို အထွေထွေအသုံးပြုမှု အလားအလာများအား ကျွန်ုပ်တို့ မျှဝေနိုင်ပါသည်။

သံသယဖြစ်ဖွယ်ရာများကို ရှောင်လွှဲနိုင်ရန်အတွက် နယ်မြေခံ အချက်အလက်ကာကွယ်ရေး ဥပဒေအောက်တွင် ထင်ရှားစွာ ခွင့်ပြုထားသည့် ပမာဏအတိုင်း Yeelight က သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို သင့်ခွင့်ပြုချက်မပါဝင်ဘဲ ထုတ်ဖော်ပြောဆိုနိုင်ပါသည်။ ထိုကဲ့သို့သော ထုတ်ဖော်ပြောဆိုမှုများကို ကျွန်ုပ်တို့၏ အခွင့်အရေးများအား ကာကွယ်ရန်၊ သင်နှင့် အခြားလူများ၏ ဘေးကင်းရေးကို သေချာစေရန်နှင့် တရားမဝင် ဆောင်ရွက်မှုများကို စုံစမ်းစစ်ဆေးခြင်းအား ဒေသခံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်နှင့်အညီ ထုတ်ဖော်ပြောဆိုနိုင်ပါသည်။

ဘေးကင်းလုံခြုံရေး အရံအတားများ

Yeelight ၏ ဘေးကင်းလုံခြုံရေး ဆောင်ရွက်မှုများ

သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ လုံခြုံသည်မှာ သေချာစေရန် ကျွန်ုပ်တို့ ကတိကဝတ်ပြုထားပါသည်။ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း သို့မဟုတ် ထိုကဲ့သို့သော အန္တရာယ်များကို တားဆီးကာကွယ်ရန်အတွက် သင်၏ Yeelight ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့် Yeelight ဝဘ်ဆိုက်ကို အသုံးပြုခြင်းမှ ကျွန်ုပ်တို့ ကောက်ခံထားသော အချက်အလက်များကို ကာကွယ်ရန်နှင့် လုံခြုံနေစေရန် ကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာ၊ အီလက်ထရွန်းနစ်ဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကျွန်ုပ်တို့ အသုံးပြုထားပါသည်။ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဘေးကင်းလုံခြုံနေစေရန် သင့်လျော်သော အားထုတ်မှုများအားလုံးကို ကျွန်ုပ်တို့ အသုံးပြုသွားပါမည်။

ဥပမာ - သင်၏ Mi အကောင့်ကို သင်ဝင်ရောက်သောအခါ ပိုမိုကောင်းမွန်သော လုံခြုံမှုအတွက် ကျွန်ုပ်တို့၏ နှစ်ဆင့်ခံ အတည်ပြုခြင်းလုပ်ငန်းစဉ်ကို အသုံးပြုရန် သင်ရွေးချယ်နိုင်ပါသည်။ သင်၏ Yeelight dစက်ပစ္စည်းမှ ကျွန်ုပ်တို့၏ ဆာဗာများထံ အချက်အလက်များကို ပေးပို့ခြင်း သို့မဟုတ် လက်ခံခြင်း ပြုလုပ်သောအခါ Secure Sockets Layer ("SSL") နှင့် အခြား အယ်လ်ဂိုရီသမ်ကို အသုံးပြု၍ ကုဒ်ပြောင်းဖွဲ့ထားကြောင်း သေချာစေရန် ကျွန်ုပ်တို့ ပြုလုပ်ထားပါသည်။

သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအားလုံးကို ကျွန်ုပ်တို့၏ ထိန်းချုပ်ထားသော အဆောက်အဦးများအတွင်းရှိ လုံခြုံသည့် ဆာဗာများတွင် သိမ်းဆည်းထားပါသည်။ အရေးပါမှုနှင့် ထိခိုက်လွယ်မှုတို့အပေါ် အခြေခံ၍ သင့်အချက်အလက်များကို အတန်းအစားခွဲခြားထားသလို သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များတွင် အမြင့်ဆုံး လုံခြုံရေးအဆင့်ရှိနေသည်မှာ သေချာစေရန် ပြုလုပ်ထားပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သင့်ထံပေးအပ်နိုင်ရန် အကူအညီပေးသည့်အနေဖြင့် အချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်သော ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် ပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှု ထောက်ပံ့ပေးသူများအနေဖြင့် လျှို့ဝှက်ချက်များကို တာဝန်ယူရန် တင်းကြပ်သော စာချုပ်စာတမ်းများကို လိုက်နာရမည်ဖြစ်သလို ထိုဝတ္တရားများကို လိုက်နာရန် ပျက်ကွက်ခဲ့ပါက အရေးယူခြင်း သို့မဟုတ် စာချုပ်ရပ်စဲခြင်း ပြုလုပ်ခံရနိုင်ပါသည်။ ကျွန်ုပ်တို့ထံတွင် ကလောက်အခြေပြု အချက်အလက် သိမ်းဆည်းမှုအတွက် အထူးရယူထိန်ချုပ်ပိုင်ခွင့်များလည်း ရှိပါသည်။ အနှစ်ချုပ်အားဖြင့် ခွင့်ပြုချက်မရရှိသော ရယူသုံးစွဲမှုများကို စောင့်ကြည့်ကာကွယ်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး ဆောင်ရွက်မှုများ အပါအဝင် ကျွန်ုပ်တို့၏ သတင်းအချက်အလက် စုဆောင်း၊ သိမ်းဆည်းမှုများနှင့် စီမံဆောင်ရွက်ခြင်း ကျင့်ထုံးများကို ပုံမှန်ပြန်လည်သုံးသပ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် သင်၏ ကိုယ်ရေးအချက်အလက်များကို စောင့်ကြည့်ကာကွယ်ရန် ကျင့်သုံးနိုင်သော အဆင့်များအားလုံးကို ဆောင်ရွက်သွားပါမည်။ သို့သော် အင်တာနက်အသုံးပြုမှုမှာ လုံးဝဥသုံ စိတ်ချရခြင်းမရှိကြောင်းကို သင်သတိပြုသင့်ပါသည်။ ဤအခြေအနေအရ အင်တာနက်မှတစ်ဆင့် သင့်ထံသို့သော်လည်းကောင်း သို့မဟုတ် သင့်ထံမှသော်လည်းကောင်း ကူးပြောင်းပေးပို့သော ကိုယ်ရေးအချက်အလက်များ၏ လုံခြုံရေး သို့မဟုတ် သမာသမတ်ကျမှုကို ကျွန်ုပ်တို့အာမခံပေးနိုင်ခြင်း မရှိပါ။

သင်လုပ်နိုင်သော ဆောင်ရွက်မှုများ

မရွေးဘဲထားခြင်း (စီမံခြင်းကို ကန့်သတ်ပိုင်ခွင့်)

သင့်ကိုယ်ရေါ်အချက်အလက်များနှင့် ပတ်သက်၍ အချို့သော အသုံးပြုခြင်းများနှင့် ဖွင့်ဟခြင်းများအား မပြုလုပ်ရန် သင့်တွင် ရွေးချယ်ပိုင်ခွင့်ရှိပါသည်။ သင့်ကိုယ်ရေးအချက်အလက်အား Yeelight ၏ စီမံဆောင်ရွက်မှုကို ခွင့်ပြုချက်ပေးရာတွင် Yeelight ကို ဆက်သွယ်ခြင်းဖြင့် မည်သည့်အချိန်တွင်မဆို ခွင့်ပြုချက်ကို ပြန်လည်ရုပ်သိမ်းခြင်းနှင့် နောက်ထပ်စီမံဆောင်ရွက်မှု မပြုလုပ်ရန် ရွေးချယ်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင့်ထံ ပေးအပ်နိုင်ရန်အတွက် ယင်းဝန်ဆောင်မှုများ သင့်ထံ ပေးအပ်နိုင်ရန် လိုအပ်သော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထည့်သွင်းပေးရန် သင့်ထံ တောင်းခံပါမည်။ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ထည့်သွင်းပေးခြင်း မရှိပါက ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို သင့်ထံ ပေးအပ်နိုင်မည်မဟုတ်ပါ။ သင်ကမပါဝင်ရန် ရွေးချယ်ထားသည့်တိုင် ကျွန်ုပ်တို့၏ ဆိုက်ပေါ်တွင် သင့်လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ကိုယ်ရေးကိုယ်တာမဟုတ်သော အချက်အလက်များကို ရယူခြင်းနှင့် အသုံးပြုခြင်း နှင့်/သို့မဟုတ် ကြော်ငြာများ၏ အကျိုးရှိမှုကို ဆုံးဖြတ်ရန်တို့ ကဲ့သို့သော အကျိုးအမြတ်ကို အခြေခံခြင်းမဟုတ်သည့် ကြော်ငြာခြင်း ရည်ရွယ်ချက်များအတွက် ပြင်ပအဖွဲ့အစည်း ဝဘ်ဆိုက်များပေါ်မှ ကြော်ငြာများ၏ သတင်းအချက်အလက်များကို ရယူခြင်းနှင့် အသုံးပြုခြင်း ရှိနေနိုင်ပါသေးသည်။

အီးမေးလ်နှင့် တယ်လီဖုန်း ဆက်သွယ်မှုများ

ကျွန်ုပ်တို့ထံမှ မလိုလားအပ်သော အီးမေးလ်တစ်ခုကို သင်ရရှိပါက အီးမေးလ်၏အောက်ဖက်တွင် ပါဝင်သော ဆက်လက်မရယူတော့ပါ လင့်ခ်ကို အသုံးပြု၍ဖြစ်စေ၊ နောက်တွင် အီးမေးလ်များ ရယူခြင်းကို မရွေးတော့ကြောင်း ကျွန်ုပ်တို့ထံသို့ အီးမေးလ်ပို့၍ဖြစ်စေ ပြုလုပ်နိုင်ပါသည်။ သင့်တောင်းဆိုမှုအား လက်ခံရရှိပြီးနောက် သင့်လျော်သော အချိန်အတွင်း ကျွန်ုပ်တို့ စီမံဆောင်ရွက်ပေးပါမည်။ သင်တောင်းဆိုထားသော ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ငွေလွှဲပြောင်းမှုနှင့် သက်ဆိုင်သော အီးမေးလ်များကို သင်ဆက်လက်ရရှိနေမည်ဖြစ်ကြောင်းကို သတိပြု့ပေးပါ။ Yeelight နှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အရောင်းမြှင့်တင်ခြင်း မဟုတ်သော ဆက်သွယ်မှုအချို့ကို သင့်ထံသို့ ပေးပို့ခြင်းရှိနိုင်သလို အဆိုပါ ဆက်သွယ်ပြောဆိုမှုများ (ဥပမာ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုမူဝါဒအား အပ်ဒိတ်လုပ်ခြင်းနှင့် သက်ဆိုင်သော ဆက်သွယ်မှုများ) ကို သင်မရွေးချယ်ဘဲထားရန် ပြုလုပ်နိုင်မည် မဟုတ်ပါ။

“နောက်ယောင်မခံပါနှင့်” (Do Not Track)

နောက်ယောင်မခံပါနှင့် (“DNT”) 1ဆိုသည်မှာ အသုံးပြုသူများအနေဖြင့် အချို့သော ဝဘ်ဘရောက်ဆာများတွင် သတ်မှတ်နိုင်သော ကိုယ်ရေးလုံခြုံမှု ရွေးချယ်စရာတစ်ခု ဖြစ်ပါသည်။ DNT သည် ယင်းတို့၏ ဝဘ်စာမျက်နှာသို့ လာရောက်ခဲ့မှုများ၊ ဝဘ်ဆိုက်များ သို့မဟုတ် အွန်လိုင်း ဝန်ဆောင်မှုများအား အချိန်နှင့်အမျှ ရယူထားခြင်းအတွက် အချို့သော သတင်းအချက်အလက်များအား မရယူစေလိုကြောင်း ဝဘ်ဆိုက်များနှင့် ဝန်ဆောင်မှုများအား အသုံးပြုသူများက အသိပေးသည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဝဘ်ဘရောက်ဆာများမှ ပေးပို့သော DNT အချက်ပြများ သို့မဟုတ် အလားတူ လုပ်ဆောင်မှုများကို တုံ့ပြန်ခြင်း သို့မဟုတ် အလေးထားခြင်း မပြုသည်ကို သတိပြုပေးပါ။

ထိန်းသိမ်းထားရှိရေး မူဝါဒ

ကိုယ်ရေးအချက်အလက်များအား ယင်းတို့ကို စုဆောင်းရသော ရည်ရွယ်ချက်များ ပြီးမြောက်အောင်မြင်စေရန်အတွက် သို့မဟုတ် အကျုံးဝင်သော ဥပဒေများ၏ လိုအပ်ချက် သို့မဟုတ် ခွင့်ပြုချက်နှင့်အညီ လိုအပ်ချက်ရှိသော အချိန်အတိုင်းအတာတစ်ရပ်အထိ ထိန်းသိမ်းထားရှိပါမည်။ ဤကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းထားခြင်းအားဖြင့် ယင်းတို့ကို စုဆောင်းထိန်းသိမ်းရသော ရည်ရွယ်ချက်များအတွက် အသုံးမဝင်တော့ဟု ကြောင်းကျိုးခိုင်လုံစွာ မှတ်ယူသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တို့အနေဖြင့် ထိုကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းခြင်းကို ရပ်တန့်စေပါမည် သို့မဟုတ် ထိုလူပုဂ္ဂိုလ်တစ်ဦးဦးနှင့် ဆက်စပ်နိုင်သော ကိုယ်ရေးအချက်အလက်များကို စုဆောင်းထိန်းသိမ်းသော နည်းလမ်းများကို ဖယ်ရှားစေပါမည်။ ထပ်မံ၍ စီမံဆောင်ရွက်ခြင်းများသည် အကျုံးဝင်သော ဥပဒေများနှင့် ညီညွှတ်သည့် အများပြည်သူ အကျိုးစီးပွားများ၊ သိပ္ပံနည်းကျ သို့မဟုတ် သမိုင်းကြောင်းဆိုင်ရာ သုတေသနလုပ်ငန်းများ သို့မဟုတ် စာရင်းအင်းပညာရပ်များ ဆောင်ရွက်ရန်အတွက် ဖြစ်ပါက ထိုသို့သော ထပ်မံစီမံခြင်းများသည် မူလရည်ရွယ်ချက်ဖြင့် မကိုက်ညီသော အချိန်တွင်ပင်လျင် Yeelightက ထိုအချက်အလက်များကို ထပ်မံထိန်းထားနိုင်ပါသည်။

သင့်စက်ပစ္စည်းအား အတွင်းရီဆက်ချလိုက်ပါက ဤစက်ပစ္စည်းပေါ်ရှိ သင့်ကိုယ်ရေးအချက်အလက်အားလုံး ပယ်ပျက်သွားပါမည်။ စက်ရုံထုတ်ပုံစံဖြစ်အောင် ပြန်လုပ်ခြင်း လုပ်ဆောင်ချက်ကို အသုံးပြုရန်အတွက် ကျွန်ုပ်တို့၏ တရားဝင် ဝက်ဘ်ဆိုက်သို့ လာရောက်နိုင်ပါသည် - http://www.yeelight.com/faq/app/reset/index.php?lang=en_US. အတွင်းရီဆက်အား တစ်ဝက်တစ်ပျက်အဆင့်တွင် ရပ်တန့်ခြင်းမပြုနိုင်သောကြောင့် အချက်အလက်များ မလိုအပ်တော့သော အခြေအနေတွင် ရှိနေစေရန် အသေအချာ ဆောင်ရွက်ပါ။

သင့်စက်ပစ္စည်းပေါ်မှ အခြားလုပ်ဆောင်ချက်များကို ရယူသုံးစွဲခြင်း

ကျွန်ုပ်တို့၏ အက်ပ်များသည် Wi-Fi ကွန်ယက်အခြေအနေကဲ့သို့သော သင့်စက်ပစ္စည်းပေါ်ရှိ ဖီးချားအချို့ကို ရယူသုံးစွဲရန် လိုအပ်ဖွယ်ရှိပါသည်။ သင့်စက်ပစ္စည်းပေါ်တွင် ကျွန်ုပ်တို့အက်ပ်များကို လုပ်ငန်းဆောင်ရွက်ခွင့် ပြုရန်နှင့် သင့်အား ထိုအက်ပ်များနှင့် တုံ့ပြန်ဆောင်ရွက်ခွင့်ပြုရန်တို့အတွက် ဤသတင်းအချက်အလက်ကို အသုံးပြုခြင်း ဖြစ်ပါသည်။ သင့်အနေဖြင့် ယင်းတို့ကို စက်ပစ္စည်းပေါ်မှ ပိတ်ခြင်းအားဖြင့် သို့မဟုတ် ကျွန်ုပ်တို့ထံသို့ privacy@yeelight.com မှတစ်ဆင့် ဆက်သွယ်ခြင်းအားဖြင့် သင်၏ ခွင့်ပြုချက်များကို အချိန်မရွေး ပယ်ဖျက်နိုင်ပါသည်။

သင့်သတင်းအချက်အလက်များကို သင်ထိန်းချုပ်ထားပါသည်။

ဆက်တင်များကို ထိန်းချုပ်ခြင်း

ကိုယ်ရေးလုံခြုံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများမှာ လူပုဂ္ဂိုလ်များအကြား ခြားနားမှုများရှိသည်ကို Yeelight က သတိပြုမိပါသည်။ ထို့ကြောင့် သင့်ကိုယ်ရေးအချက်အလက်များကို စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ဖွင့်ချခြင်း သို့မဟုတ် စီမံပြင်ဆင်ခြင်းကို ကန့်သတ်ရန်နှင့် သင့်ကိုယ်ရေးလုံခြုံမှု ဆက်တင်များကို ထိန်းချုပ်ရန်တို့အတွက် Yeelight မှ ဖော်ဆောင်ပေးထားသော ဥပမာပြုဖွယ် နည်းလမ်းများကို ကျွန်ုပ်တို့ဖော်ပြပေးထားပါသည်။

အထက်ဖော်ပြပါ ရည်ရွယ်ချက်များတွက် သင်၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုရန် သင်ခွင့်ပြုထားပါက ကျွန်ုပ်တို့ထံ စာရေးသားပေးပို့၍သော်လည်းကောင်း သို့မဟုတ် privacy@yeelight.com မှတစ်ဆင့် အီးမေးလ်ပေးပို့ခြင်းအားဖြင့်သော်လည်းကောင်း ထိုသဘောတူညီကို အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။

သင့်ကိုယ်ရေးအချက်အလက်များကို ရယူသုံးစွဲခြင်း၊ အပ်ဒိတ်ပြုလုပ်ခြင်း၊ အမှန်ပြင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း

Yeelight သည် လူအများအား ယင်းတို့၏ ကိုယ်ရေးအချက်အလက်များကို ဝင်ရောက်ကြည့်ရှုရန် ပြုလုပ်ပေးခြင်းကို ကောင်းသောယုံကြည်မှုဖြင့် အားထုတ်မှုများ ပြုလုပ်သည့်တိုင် ကန့်သတ်ထားခြင်း မရှိသော်လည်း သတင်းအချက်အလက်တွင် ဥပဒေဆိုင်ရာ အထူးအခွင့်အရေး ပါဝင်ခြင်း၊ အခြားသူများ၏ ကိုယ်ရေးလုံခြုံမှု သို့မဟုတ် အခြားဥပဒေဆိုင်ရာ အခွင့်အရေးများကို ထိပါးမိမည်ဖြစ်ခြင်း၊ ဝင်ရောက်ကြည့်ရှုခွင့် ပေးရခြင်းအတွက် ဝန်ထုပ်ဝန်ပိုး သို့မဟုတ် ကုန်ကျစရိတ်သည် တစ်ဦးချင်းစီ၏ ကိုယ်ရေးလုံခြုံမှု အန္တရာယ်များနှင့်စာလျှင် မမျှတခြင်း သို့မဟုတ် ယင်းသည် စီးပွားရေးဆိုင်ရာ ပိုင်ဆိုင်မှုဖြစ်ခြင်းတို့ အပါအဝင် အခြေအနေများတွင် Yeelight က ဝင်ရောက်ကြည့်ရှုခွင့် မပေးနိုင်ခြင်း ရှိနိုင်ပါသည်။ မည်သည့်အခြေအနေ တစ်ခုခုတွင်ဖြစ်စေ ဝင်ရောက်ကြည့်ရှုမှုကို ကန့်သတ်သင့်သည်ဟု Yeelight က ဆုံးဖြတ်ပါက အဘယ်ကြောင့် ယင်းသို့ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ရှင်းလင်းချက်နှင့် နောက်ထပ်စုံစမ်းမေးမြန်းမှုများအတွက် ဆက်သွယ်ရန်နေရာတို့ကို သင့်အားပေးမည် ဖြစ်ပါသည်။ သင့်ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ရန်အတွက် သင့်ကိုယ်ရေးအချက်အလက်များအား ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် အပြောင်းအလဲတစ်ခုခုလုပ်ခြင်းတို့ကို ခွင့်မပြုမီတွင် သင်မည်သူဖြစ်ကြောင်း စစ်ဆေးခြင်းအား စီးပွားရေးအရ သင့်လျော်သော အဆင့်များဖြင့် Yeelight က ဆောင်ရွက်ပါမည်။

ကိုယ်ရေးအချက်အလက်များနှင့် သက်ဆိုင်သော အသေးစိတ်များအတွက် အောက်ပါနေရာတွင် ယင်းတို့အား ဝင်ရောက်ကြည့်ရှုခြင်းနှင့် ပြောင်းလဲခြင်း ပြုလုပ်နိုင်ပါသည် https://cloud-bj.yeelight.com/consumer/privacy-data.

သဘောတူခွင့်ပြုချက်ကို ရုပ်သိမ်းခြင်း

သင်၏ တရားစီရင်ပိုင်နက်ပြင်ပတွင် ကိုယ်ရေးအချက်အလက်များ လွှဲပြောင်းခြင်း

သင်၏ တရားစီရင်ပိုင်နက်ပြင်ပတွင် ကျွန်ုပ်တို့၏ အဖွဲ့ဝင်ကုမ္ပဏီများ (ဆက်သွယ်ရေး၊ လူမှုကွန်ယက်မီဒီယာ၊ နည်းပညာနှင့် ကလောက်လုပ်ငန်းများဖြစ်ပါသည်) သို့မဟုတ် ပြင်ပဝန်ဆောင်မှု ပေးအပ်သူများသို့ ကိုယ်ရေးအချက်အလက်များ လွှဲပြောင်းပေးရန် လိုအပ်သောအခါတွင် အကျုံးဝင်သော ဥပဒေများနှင့်အညီ ကျွန်ုပ်တို့က ဆောင်ရွက်စေရမည်။ အထူးသဖြင့် လွှဲပြောင်းမှုအားလုံးအား ကျနကောင်းမွန်စွာ စောင့်ကြည့်ထိန်းသိမ်းသော စနစ်များနှင့် သင်ဖြင့် အကျုံးဝင်သော ဒေသန္တရ ဥပဒေပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးသွားပါမည်။ သင့်ကိုယ်ရေးအချက်အလက်များကို ဤသို့လွှဲပြောင်းပေးခြင်းအတွက် Yeelight က သင့်လျော်မှန်ကန်သော လုံခြုံရေးဆောင်ရွက်မှုများ ပြုလုပ်ထားခြင်းအကြောင်း သင်သိရှိပိုင်ခွင့် ရှိပါသည်။

သင်၏ ကိုယ်ရေးအချက်အလက်များကို စီမံပြုပြင်ရန် သို့မဟုတ် အရန်သိမ်းဆည်းရေးအတွက် Yeelight က ဆောင်ရွက်ရန် သို့မဟုတ် ထိန်းချုပ်ရန် ပြည်ပအဆောက်အအုံများအား Yeelight က အသုံးပြုသွားဖွယ် ရှိပါသည်။ လက်ရှိအချိန်တွင် ပေကျင်း၊ အမေရိကန်၊ ရုရှား၊ ဂျာမနီ၊ အိန္ဒိယနှင့် စင်ကာပူတို့၌ Yeelight ၏ အချက်အလက် စင်တာများ ထားရှိထားပါသည်။ ဤပြည်ပတရားစီရင်ပိုင်နက်များတွင် သင့်မွေးရပ်မြေ၏ တရားစီရင်ပိုင်နက်အတွင်း အသုံးပြုနေသော အချက်အလက်အကာကွယ်ပေးရေး ဥပဒေများနှင့် သိသိသာသာ ဆင်တူသော ဥပဒေများ မရှိခြင်း သို့မဟုတ် အသုံးမပြုခြင်းများ ရှိနိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် သင်၏ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့၏ ပြည်ပအဆောက်အအုံများသို့ လွှဲပြောင်းခြင်းနှင့် ယင်းတို့တွင် သိုလှောင်ခြင်းများကို ပြုလုပ်သွားဖွယ်ရှိပါသည်။ သို့သော် ဤအခြေနေသည် ဤကိုယ်ရေးလုံခြုံမှု မူဝါဒနှင့်အညီ သင်၏ကိုယ်ရေးအချက်အလက်များကို စောင့်ကြောင့်ကာကွယ်မည့် ကျွန်ုပ်တို့၏ ကြိုးပ်းမှုများအပေါ် အပြောင်းအလဲ မဖြစ်စေပါ။

အထွေထွေ

အသက်မပြည့်သေးသူများ

ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများသည် အသက် ၁၃ နှစ်အောက် ကလေးများအတွက် ရည်ရွယ်ခြင်းမဟုတ်သလို Yeelight အနေဖြင့် အသက် ၁၃ နှစ်အောက် ကလေးများအား မည်သူဖြစ်ကြောင်း သိရှိနိုင်စေမည့် သတင်းအချက်အလက်များကို သိလျက်နှင့်ရယူခြင်း မပြုလုပ်ပါ။ သင့််အသက်သည် အထက်တွင်ဖော်ပြထားသည်ထက် ငယ်ပါက ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် သင့်မိဘခွင့်ပြုချက် ရှိရမည်ဖြစ်ပါသည်။ မိဘများအနေဖြင့်လည်း ကလေးများအား မိဘခွင့်ပြုချက်မရှိဘဲ အွန်လိုင်းတွင် အမည်အရင်းများ၊ လိပ်စာများ သို့မဟုတ် ဖုန်းနံပါတ်များကို ဘယ်တော့မှမပေးရန် ညွှန်ကြားထားရန်အတွက် Yeelight က တိုက်တွန်းပါသည်။

Yeelight သည် အသက်မပြည့်သေးသူများထံမှာ ကိုယ်ရေးအချက်အလက်များကို လက်ခံရယူရန် ရည်ရွယ်ကြိုးပမ်းခြင်းများ မပြုပါ။ မိဘတစ်ဦး သို့မဟုတ် အုပ်ထိန်းသူတစ်ဦးအနေဖြင့် အသက်မပြည့်သေးသူ တစ်ဦးသည် မိမိတို့၏ ကြိုတင်သဘောတူ ခွင်ပြုချက်ကို မရယူဘဲ Yeelight သို့ ကိုယ်ရေးအချက်အလက်များ မျှဝေထားသည်ဟု ယုံကြည်ရန် အကြောင်းအရင်းများရှိပါက ထိုကိုယ်ရေးအချက်အလက်များကို ဖယ်ရှားရန်နှင့် အကျုံးဝင်သော Yeelight ဝန်ဆောင်မှုတစ်ခုခုမှ ထိုအသက်မပြည့်သေးသူကို ပယ်ဖျက်ရန်တို့အတွက် ကျွန်ုပ်တို့ထံ အသေအချာ ဆက်သွယ်ပေးပါ။

အစဉ်လိုက် ဦးစားပေးမှု

ကျွန်ုပ်တို့၏ အကျုံးဝင်သော အသုံးပြုသော သဘောတူညီချက်ကို သင်လက်ခံသဘောတူပြီးသော်လည်း ထိုသို့သော အသုံးပြုသူ သဘောတူညီချက်များနှင့် ဤကိုယ်ရေးလုံခြုံမှု မူဝါဒအကြား ကြောင်းကျိုးဆီလျော်မှု မရှိခြင်းများ ဖြစ်ပေါ်လာလျင် ထိုသို့သော အသုံးပြုသူ သဘောတူညီချက်အပေါ် လွှမ်းမိုးဆုံးဖြတ်စေရမည်။

ဤကိုယ်ရေးလုံခြုံမှု မူဝါဒကို အပ်ဒိတ်လုပ်ခြင်း

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒအား ပုံမှန်ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်လျက်ရှိပြီး ကျွန်ုပ်တို့၏ သတင်းအချက်အလက် ကျင့်ထုံးပိုင်းဆိုင်ရာ အပြောင်းအလဲများနှင့် ကိုက်ညီစေရန်အတွက် ဤမူဝါဒကို ပြောင်းလဲဖွယ်ရှိပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုမူဝါဒပါ ဖော်ပြချက်များကို ကျွန်ုပ်တို့ အပြောင်းအလဲ ပြုလုပ်ပါက သင်ထံသို့ အီးမေးလ်ပေးပို့ခြင်း (သင့်ကောင့်တွင် ဖော်ပြထားသော အီးမေးလ်လိပ်စာသို့ ပေးပို့ခြင်း) သို့မဟုတ် Yeelight ဝဘ်ဆိုက်များအားလုံးပေါ်တွင် သို့မဟုတ် ကျွန်ုပ်တို့ဆော့ဖ်ဝဲပေါ်တွင် အပြောင်းအလဲအကြောင်း တင်ပြအသိပေးခြင်းများ ပြုလုပ်သွားပါမည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့စုဆောင်းသော အချက်အလက်များနှင့် ယင်းတို့ကို အသုံးပြုပုံအား သင်သတိပြုမိဖွယ် ရှိပါသည်။ ကျွန်ုပ်တို့မူဝါဒအတွက် ထိုသို့သော အပြောင်းအလဲများအား အသိပေးစာတွင် သို့မဟုတ် ဝဘ်ဆိုက်ပေါ်တွင် သတ်မှတ်ထားသည့် စတင်အသက်ဝင်သောနေ့စွဲမှစတင်ကာ အသုံးပြုစေရမည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ကျင့်ထုံးများဖြင့် သက်ဆိုင်သည့် နောက်ဆုံးရ သတင်းအချက်အလက်များအတွက် ဤစာမျက်နှာပေါ်တွင် အချိန်အခါအားလျော်စွာ သင်မှ ပြန်လည်သုံးသပ်ရန် ကျွန်ုပ်တို့အားပေးလိုပါသည်။ ဤဝဘ်ဆိုက်များ၊ မိုဘိုင်းဖုန်းများ သို့မဟုတ် အခြားစက်ပစ္စည်းများ သို့မဟုတ် ယင်းတို့အားလုံးပေါ်ရှိ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သင်ဆက်လက်အသုံးပြုခြင်းမှာ အပ်ဒိတ်လုပ်လိုက်သော ဤကိုယ်ရေးလုံခြုံမှုမူဝါဒကို သက်လက်ခံသဘောတူခြင်းပင် ဖြစ်သည်ဟု မှတ်ယူပေလိမ့်မည်။ သင်မူလခွင့်ပြုထားခြင်း မဟုတ်သော အခြားမည်သည့် ရည်ရွယ်ချက်အသစ်အတွက်မဆို ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ အသုံးမပြုမီတွင် ရည်ရွယ်ချက်အသစ်အကြောင်း သတင်းအချက်အလက်ကို ပေးရန်နှင့် သင်မရွေးဘဲနေနိုင်သည့် အခွင့်အရေးကိုပေးရန် ကျွန်ုပ်တို့ ကြိုးစားအားထုတ်ပါမည်။ ကိုယ်ရေးအချက်အလက်အား စီမံဆောင်ရွက်ရန် သင့်ခွင့်ပြုချက်ကို ဥပဒေအရဖြစ်စေ၊ စာချုပ်အရဖြစ်စေ တနည်းနည်းဖြင့် လိုအပ်ပါက Yeelight သည် ဥပဒေ သို့မဟုတ် စာချုပ်ကိုလိုက်နာရန် ကြိုးစားအားထုတ်ပါမည်။

ကယ်လီဖိုးနီးယား ကိုယ်ရေးလုံခြုံမှု အခွင့်အရေးများ

ကယ်လီဖိုးနီးယား ဥပဒေတွင် ကယ်လီဖိုးနီးယားတွင် နေထိုင်သော အသုံးပြုသူများအား လွန်ခဲ့သော ပြက္ခဒိန်နှစ်အတွင်း တိုက်ရိုက်အရောင်းမြှင့်တင်ခြင်း ရည်ရွယ်ချက်များအတွက် ယင်းတို့၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့က ပြင်ပအဖွဲ့အစည်းများထံသို့ ဖွင့်ဟခဲ့သောစာရင်း (ရှိလျှင်) အပါအဝင် ယင်းအဖွဲ့အစည်းများအား ဖွင့်ဟခဲ့သော ကိုယ်ရေးအချက်အလက် အမျိုးအစားတို့ကို တစ်နှစ်လျှင်တစ်ကြိမ် ကျွန်ုပ်တို့ထံမှ အခမဲ့ တောင်းဆိုရယူရန် ခွင့်ပြုထားပါသည်။

ပြင်ပအဖွဲ့အစည်းတစ်ရပ်၏ စည်းမျဉ်းစည်းကမ်းများကို ကျွန်ုပ်က သဘောတူလက်ခံရန် လိုအပ်ပါသလား။

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒမှာ ပြင်ပအဖွဲ့အစည်းတစ်ရပ်၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများဖြင့် အကျုံးဝင်ခြင်းမရှိပါ။ Yeelight ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများတွင် ပြင်ပအဖွဲ့အစည်းများမှ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ပြင်ပအဖွဲ့အစည်းများ၏ ဝက်ဘ်ဆိုက်များပါဝင်နိုင်ပါသည်။ ထို့သောထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို သင်အသုံးပြုသောအခါ ၄င်းတို့သည်လည်း သင့်အချက်အလက်များကို စုဆောင်းသွားဖွယ်ရှိပါသည်။ ဤအကြောင်းတရားအရ ထိုပြင်ပအဖွဲ့အစည်း၏ မူဝါဒကိုလည်း ကျွန်ု်ပ်တို့၏ ကိုယ်ရေးလုံခြုံမှုမူဝါဒကဲ့သို့ အချိန်ပေးဖတ်ရှုပေးရန် အလေးအနက် အကြံပြုအပ်ပါသည်။ ထိုပြင်ပအဖွဲ့အစည်းများက သင့်ထံမှ စုဆောင်းသွားသော ကိုယ်ရေးအချက်အလက်များကို ယင်းတို့အသုံးပြုပုံနှင့်ပတ်သက်၍ ကျွန်ုပ်တို့ထံတွင် တာဝန်မရှိသကဲ့သို့ ကျွန်ုပ်တို့က ထိန်းချုပ်ခြင်းလည်း မပြုနိုင်ပါ။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒသည် ကျွန်ုပ်တို့ဝန်ဆောင်များဖြင့် ချိတ်ဆက်ထားသည့် အခြားသော ဝဘ်ဆိုဒ်များနှင့် အကျုံးမဝင်ပါ။

သင့်အနေဖြင့် အောက်ပါထုတ်ကုန်တစ်ခုခုကို အသုံးပြုပါက ယင်းတို့အတွက် သက်ဆိုင်သော ပြင်ပအဖွဲ့အစည်း စည်းမျဉ်းများနှင့် ကိုယ်ရေးလုံခြုံမှု မူဝါဒများမှ အောက်ပါတို့ ဖြစ်ပါသည် -

https://www.amazon.com/gp/help/customer/display.html/ref=hp_left_v4_sib?ie=UTF8&nodeId=201909010

လူမှုကွန်ယက်မီဒီယာ (ဖီးချားများ)နှင့် ဝစ်ဂက်များ

ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များတွင် Facebook လင့်ခ်ခလုတ်နှင့် ဤအရာကိုမျှဝေရန်နှိပ်ပါဟူသော ခလုတ် သို့မဟုတ် ကျွန်ုပ်တို့ဝဘ်ဆိုက်များပေါ်တွင် လှုပ်ရှားနေသော အပြန်အလှန်တုံ့လှယ်ဆက်သွယ်ရေး ပရိုဂရမ်ငယ်များအတွက် ဝစ်ဂက်များကဲ့သို့သော လူမှုကွန်ယက်မီဒီရာ ဖီးချားများ ပါဝင်ပါသည်။ ဤဖီးချားများသည် ကျွန်ုပ်တို့ဝဘ်ဆိုက်ပေါ်ရှိ သင်သွားရောက်ကြည့်ရှုသော စာမျက်နှာများအတွက် သင်၏ IP လိပ်စာများကို စုဆောင်းသွားဖွယ် ရှိသကဲ့သို့ ဤဖီးချားများ မှန်ကန်ကျနစွာ လည်ပတ်နိုင်စေမည့် ကွက်ကီများကိုလည်း သတ်မှတ်သွားဖွယ်ရှိပါသည်။ လူမှုကွန်ယက်မီဒီယာ ဖီးချားများနှင့် ဝစ်ဂက်များအား ပြင်ပအဖွဲ့အစည်းတစ်ရပ်က စီစဉ်ဖော်ဆောင်ပေးခြင်း သို့မဟုတ် ကျွန်ုပ်တို့ဝဘ်ဆိုဒ်များပေါ်တွင် တိုက်ရိုက်စီစဉ်ဖော်ဆောင်ပေးခြင်း ဖြစ်ပါသည်။ ဤဖီးချားများနှင့် သင့်အကြား တုံ့လှယ်ဆက်သွယ်မှုအား ယင်းတို့ကို ဖော်ဆောင်ပေးထားသည့် ကုမ္ပဏီ၏ ကိုယ်ရေးလုံခြုံမှု မူဝါဒဖြင့်သာ စီမံကွပ်ကဲပါသည်။

အစုံသုံး စကားဝှက်

သင်၏ တရားစီရင်ပိုင်နက်အပေါ် မူတည်ကာ Facebook Connect သို့မဟုတ် Open ID ဝန်ဆောင်မှုပေးသူတစ်ဦးကဲ့သို့သော အစုံသုံးစကားဝှက်ဝန်ဆောင်မှုများကို အသုံးပြုကာ ကျွန်ုပ်တို့ဝဘ်ဆိုဒ်များအတွင်းသို့ လော့အင်ဝင်နိုင်ဖွယ်ရှိပါသည်။ ဤဝန်ဆောင်မှုများသည် သင်၏ သရုပ်သကန်ကို အတည်ပြုပေးခြင်း၊ အချို့သော ကိုယ်ရေးအချက်အလက်များ (သင်၏အမည်နှင့် အီးမေးလ်လိပ်စာများ) ကို ကျွန်ုပ်တို့ဖြင့် မျှဝေရန် ရွေးချယ်စရာများ ဖော်ဆောင်ပေးခြင်းနှင့် ကျွန်ုပ်တို့၏ မှတ်ပုံတင်ဖောင်ကို ကြိုတင်ပေးခြင်းတို့အား ပြုလုပ်ပေးပေလိမ့်မည်။ Facebook Connect ကဲ့သို့သော ဝန်ဆောင်မှုများသည် ဤဝဘ်ဆိုက်ပေါ်ရှိ သင်၏ ဆောင်ရွက်ချက်များအကြောင်းကို သင့်ကွန်ယက်အတွင်းရှိ အခြားသူများနှင့် မျှဝေရန်အတွက် သင့်ပရိုဖိုင်စာမျက်နှာပေါ်သို့ ပို့စ်တင်ရန် ရွေးချယ်စရာများကို သင့်အတွက် ဖော်ဆောင်ပေးပါသည်။

ပြန်လည်ပြင်ဆင်ခြင်း/လိုက်နာခြင်းနှင့် တာဝန်ခံနိုင်မှု

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု ဆောင်ရွက်ချက်များအတွက်ဖြစ်စေ၊ ဤကိုယ်ရေးလုံခြုံမှု မူဝါဒအတွက်ဖြစ်စေ မေးမြန်းလိုသည်များ ရှိပါက privacy@yeelight.com တွင် အီးမေးလ်ပို့ကာ ကျွန်ုပ်တို့အား ဆက်သွယ်လိုက်ပါ။ သင့်စိုးရိမ်မှုများကို ကျွန်ုပ်တို့ ဖော်ထုတ်ကာ မည်သည့်ကိုယ်ရေးလုံခြုံမှု ကိစ္စကိုမဆို အချိန်မှန်ဖြေရှင်းပေးရန် ကြိုးစားပါမည်။

GDPR နှင့်အညီ သင့်ကိုယ်ရေးအချက်အလက်များကို စီမံရန် ကျွန်ုပ်တို့၏ ချဉ်းကပ်မှု

သင်သည် GDPR နှင့် အကျုံးဝင်သည့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများတွင် နေထိုင်သည့် အသုံးပြုသူတစ်ဦး ဖြစ်ပါက Yeelight သည် ကျွန်ုပ်တို့၏ အသုံးပြုသူများဖြင့် ထဲထဲဝင်ဝင် ထိတွေ့ဆက်ဆံပေးနိုင်မည့် ကိုယ်ရေး အချက်အလက်များကို စီမံခန့်ခွဲခြင်း၊ စီမံဆောင်ရွက်မှုများကို စီမံကွပ်ကဲခြင်းနှင့် ဆုံးရှုံးနိုင်ချေ စီမံခန့်ခွဲရေး နည်းလမ်းတစ်ရပ်ကို အသုံးပြုသော သတင်းစနစ်များအတွက် စနစ်ကျသော ချဉ်းကပ်မှုတစ်ရပ်ကို ဖော်ဆောင်ပေးသွားပါမည်။ GDPR ဥပဒေအရ ပြဆိုနိုင်သော ဥပမာများမှာ (၁) Yeelight သည် အချက်အလက်ကာကွယ်ရေး အပိုင်းတွင် အချက်အလက်ကာကွယ်ရေးအရာရှိ (DPO) တစ်ဦး ထားရှိပြီး ထို DOP ကို ဆက်သွယ်ရန် လိပ်စာမှာ dpo@yeelight.com ဖြစ်ပါသည်၊ (၂) Yeelight သည် ဥရောပတိုက်အတွင်း၌ ကိုယ်စားလှယ်တစ်ဦး ( ကျွန်ုပ်တို့ သတ်မှတ်ထားသည့် အတွေ့အကြုံရှိသော ပရော်ဖက်ရှင်နယ် ရှေ့နေ ) တစ်ဦးကို ခန့်ထားပြီး ထိုကိုယ်စားလှယ်ကို ဆက်သွယ်ရန် လိပ်စာမှာ representative@yeelight.com ဖြစ်ပါသည်၊ ( ၃ )အချက်အလက် ကာကွယ်ရေး သက်ရောက်မှုဆိုင်ရာ ဆန်းစစ်အကဲဖြတ်ချက် (DPIA) ကဲ့သို့သော လုပ်ငန်းစဉ်များ။

ကျွန်ုပ်တို့နှင့် ဆက်သွယ်ရန်

ဤကိုယ်ရေးလုံခြုံမှု မူဝါဒနှင့် ပတ်သက်သော မှတ်ချက်များ သို့မဟုတ် မေးခွန်းများ သို့မဟုတ် သင်၏ ကိုယ်ရေးသတင်းအချက်အလက်များကို Yeelight က စုဆောင်းအသုံးပြုခြင်း သို့မဟုတ် ဖွင့်ချခြင်းနှင့် ဆက်စပ်သော မေးခွန်းများကို ရှိပါက "ကိုယ်ရေးလုံခြုံမှု မူဝါဒ" ဟု ညွှန်းဆိုကာ အောက်ဖော်ပြပါ လိပ်စာမှတစ်ဆင့် ကျွန်ုပ်တို့၏ အချက်အလက် ကာကွယ်ရေးမှူးထံ ဆက်သွယ်ပေးပါ -

Qingdao Yeelink Information Technology Co., Ltd.

F10-B4, Bldg.B, International Innovation Park, 1# Keyuanweiyi Rd., Laoshan, Qingdao, 266101, Shandong, တရုတ်နိုင်ငံ

Email: privacy@yeelight.com

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒကို နားလည်သဘောပေါက်စေရန် အချိန်ပေးဖတ်ရှုခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။